Local News

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံဈေးနှုန်းဈေးကွက် အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့အောက်တိုဘာလဒုတိယပတ်အတွင်းနှမ်းမျိုးစုံဈေးကွက်ထဲဝင်ရောက်နေပြီး၊အညာမြစ်ရိုး တစ်လျှောက်မှနှမ်းနက်အသစ်များဝင်ရောက်နေကြောင်းနှမ်းဖြူနှင့်နှမ်းနက်များမှာတရုတ်ဝယ်လက်အဝယ်သွက်‌ နေကြောင်း၊နှမ်းညိုကတော့ဈေးကွက်ထဲတွင်အဝင်များနေပြီး၊အရောင်းအဝယ်နည်းနေသည့်အတွက် ဈေးဆက်တိုက်ကျဆင်းနေကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၉၀၀၀၀မှ၃၅၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၈၀၀၀၀မှ၃၄၀၀၀၀၊ယခင်လကျပ်၃၂၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀၊ယခင်လထက်ကျပ်၂၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၅၀၀၀၀မှ၃၆၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၄၀၀၀၀မှ၃၄၅၀၀၀၊ယခင်လကျပ်၃၂၀၀၀၀မှ၃၄၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀မှ၁၅၀၀၀၊ယခင်လထက်ကျပ် ၂၀၀၀၀မှ၃၀၀၀၀မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၇၅၀၀၀မှ၃၈၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၆၅၀၀၀မှ၃၇၀၀၀၀၊ယခင်လကျပ်၃၆၀၀၀၀မှ၃၇၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀၊ယခင်လထက်ကျပ်၁၀၀၀၀ မှ၁၅၀၀၀မြင့်တက်လာသည်။

နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၈၀၀၀၀မှ၂၈၅၀၀၀၊ယခင်တစ်ပတ်ကျပ်၂၈၀၀၀၀မှ၂၈၅၀၀၀၊ယခင်လကျပ်၃၀၀၀၀၀မှ၃၀၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက်ကျပ်၂၀၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News