Local News

ဆီကြိတ်ဖတ်များ ဈေးမြင့်တက်ပြီး အရောင်းသွက်နေ

Last Updated:

မတ်လဒုတိယပတ်တွင မန္တလေးကုန်စည်ဒိုင်၌မွေးမြူရေးအစာအဖြစ်အသုံးပြုသည့်ဆီကြိတ်ဖတ်များမှာဈေးမြင့်တက်လာပြီးအရောင်းအဝယ်သွက်နေကြောင်းသိရသည်။

ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-

ပဲဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၇၂၀၀မှ ၇၂၅၀၊ ယခင်တစ်ပတ် ၇၀၅၀ ကျပ်၊ ယခင်လ ကျပ် ၇၁၀၀မှ ၇၂၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀ မှ ၂၀၀၊ယခင်လထက် ကျပ် ၅၀ မှ ၁၀၀ ခန့် ဈေးမြင့်တက်လာသည်။

နှမ်းဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၀၀၀မှ ၅၂၀၀ ယခင်တစ်ပတ် ကျပ် ၄၉၀၀မှ ၅၁၀၀၊ ယခင်လ ကျပ် ၄၉၅၀မှ ၅၁၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ်၊ ယခင်လထက် ကျပ် ၅၀ မှ ၁၀၀ ခန့် ဈေးမြင့်တက်လာသည်။

 နေကြာဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ် ၃၉၅၀မှ ၄၀၅၀၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀မှ ၄၀၀၀၊ ယခင်လကျပ် ၃၉၀၀မှ ၄၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်နှင့် ယခင်လထက်  ၅၀ ကျပ်  ခန့် ဈေးမြင့်လာသည်။

 မုန်ညှင်းဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၃၉၀၀မှ ၄၀၀၀၊ယခင်တစ်ပတ်ကျပ် ၃၈၅၀မှ ၃၉၀၀၊ ယခင်လကျပ် ၃၈၀၀မှ ၃၉၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀မှ ၁၀၀၊ ယခင်လထက် ၁၀၀ကျပ်ခန့် ဈေးမြင့်တက်လာသည်။

Category: Local News