Local News

မြေပဲဆန်များ ဈေးတက်ပြီး အရောင်းအဝယ်အေးနေ

Last Updated:

မတ်လဒုတိယပတ်တွင်မန္တလေးကုန်စည်ဒိုင် မြေပဲဆန်များအဝင်များပြီးဈေးတက်ကာအရောင်းအဝယ်အေးနေကြောင်းသိရသည်။

မြေပဲဆန်ဈေးနှုန်းများမှာ-

S1လုံးဆန်(မြင်းမူ)တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၁၀၈၀၀မှ ၁၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၉၈၀၀မှ ၁၀၂၀၀၊ ယခင်လကျပ် ၁၀၀၀၀မှ ၁၀၄၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၈၀၀ မှ ၁၀၀၀၊ ယခင်လထက် ကျပ် ၆၀၀မှ ၈၀၀ ခန့် ဈေးမြင့်တက်လာသည်။

S1ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၈၀၀ မှ ၁၀၂၀၀၊ ယခင်တစ်ပတ် ကျပ် ၈၈၀၀ မှ ၉၁၀၀၊ ယခင်လ ကျပ် ၉၀၀၀ မှ ၉၃၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀ မှ ၁၁၀၀ ၊ ယခင်လထက် ကျပ် ၈၀၀ မှ ၉၀၀ ခန့် ‌ဈေးမြင့်တက်လာသည်။

အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၈၀၀ မှ ၁၀၂၀၀၊ ယခင်တစ်ပတ် ကျပ် ၈၈၀၀ မှ ၉၀၀၀၊ ယခင်လ ကျပ် ၉၀၀၀ မှ ၉၃၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၁၀၀၀မှ ၁၂၀၀၊ ယခင်လထက် ကျပ် ၈၀၀ မှ ၉၀၀ ခန့် ဈေးမြင့်တက်လာသည်။

အနီဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၅၀၀ မှ ၉၆၀၀၊ ယခင်တစ်ပတ် ကျပ် ၈၅၀၀ မှ ၉၀၀၀၊ ယခင်လ ကျပ် ၈၅၀၀ မှ ၈၆၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၆၀၀ မှ ၁၀၀၀၊ ယခင်လထက် ၁၀၀၀ ကျပ်  ခန့် ဈေးမြင့်တက်လာသည်။

ပြန့်လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၁၀၇၀၀ မှ ၁၀၈၀၀၊ ယခင်တစ်ပတ် ကျပ် ၉၈၀၀မှ ၉၉၀၀၊ ယခင်လ ကျပ် ၉၉၀၀မှ ၁၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၉၀၀ကျပ်၊ ယခင်လထက်   ၈၀၀ ကျပ် ခန့် ဈေးမြင့်တက်လာသည်။

ပြန့်ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၁၀၄၀၀ မှ ၁၀၅၀၀၊ ယခင်တစ်ပတ် ကျပ် ၉၅၀၀ မှ ၉၆၀၀၊ ယခင်လ ကျပ် ၉၅၅၀ မှ ၉၆၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၉၀၀ကျပ်၊ ယခင်လထက်   ၈၅၀ ကျပ် ခန့် ဈေးမြင့်တက်လာသည်။

 

Category: Local News