Local News

ဆီးချဉ်သီး နှင့် ဆီးဝတ်ဆံများဈေးကောင်းရ

Last Updated:

ဆီးချဉ်သီး နှင့် ဆီးချိုသီး နှစ်မျိုးစလုံး ကို မန္တလေးတိုင်းဒေသကြီးအတွင်းတွင် စိုက်ပျိုး ကြသည်။ ဆီးချိုသီးပင်ကို စီးပွားဖြစ်သီးသန့်စိုက်ပျိုးကြပြီး ဆီးချဉ်သီးမှာ အများအားဖြင့် အလေ့ကျပေါက်ရောက်၍ အချို့ဒေသများတွင် အရိပ်ရအပင်အဖြစ်အနည်းငယ် စိုက်ပျိုးမှုရှိသည်။ မန္တလေးတိုင်းအတွင်းတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊  မြစ်သား၊ တံတားဦး၊ မြင်းခြံ မြို့နယ်များမှာ ဆီးချဉ်ပင် အများဆုံးထွက်ရှိသည်။ ယင်းဒေသများတွင် ဆီးချိုသီးကို လည်း စိုက်ပျိုးကြောင်း သိရသည်။

          ဆီးချဉ်သီးကို ဈေးကွက်တွင် အစိုနှင့် အခြောက်ခွဲခြားရောင်းဝယ်ကြပြီး ၊ အခြောက်ကို ဆီးသီးတန်ဘိုးမြှင့်ထုတ်ကုန်အဖြစ် အသုံးပြုသည့် ပြည်တွင်းလုပ်ငန်းရှင်များ မှ ဝယ်ယူမှုရှိသည်။ ဆီးဝတ်ဆံ များကိုလည်း ဆီးချဉ်သီးမှ ထုတ်လုပ်၍ပြည်ပသို့တင်ပို့ရောင်းချကာ၊ ဆီးခွဲခြမ်းတွေကို လောင်စာ အဖြစ်ရောင်းချကြကြောင်းသိရသည်။ ဆီးဝတ်ဆံ ကို ရေနံချောင်း၊ ချောက်၊ မလှိုင်၊ တောင်သာ နှင့် မိတ္ထီလာစသည့် မြို့များတွင် အများဆုံးကြိတ်ခွဲထုတ်လုပ်ကြကြောင်း၊ ဆီးချဉ်သီးသည် နှစ်စဉ် နွေရာသီတွင် စတင်ထွက်ပေါ်လေ့ရှိပြီး တစ်နှစ် တစ်ခါသာထွက်ပေါ်သည့် သီးနှံဖြစ်သည်။

          ယခုဖေဖော်ဝါရီ ဒုတိယပတ်တွင် ဆီးချဉ်သီးအခြောက်တစ်တင်းလျှင် ၁၁၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် ဖြစ်ပြီး ယခင်နှစ်က ၉၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ဖြစ်ခဲ့သည်။ ဆီးဝတ်ဆံ ယခုဈေးတစ်ပိဿာလျှင် ၆၀၀၀၀ ကျပ် မှ ၆၂၀၀၀ ကျပ်ဖြစ်ပြီး ယခင်နှစ်က ၅၅၀၀၀ ကျပ်မှ၊၅၇၀၀၀ ထိဖြစ်ခဲ့ကြောင်း ကျောက်ပန်းတောင်းဈေးကွက်မှသိရသည်။

ဆီးဝတ်ဆံ ကို တရုတ်နို်ငငံ မှ တိုင်းရင်းဆေးထုတ်လုပ်ရန် အများဆုံးဝယ်ယူမှုရှိပြီး၊ ပြည်တွင်း တိုင်းရင်းဆေးလုပ်ငန်းများ မှ လည်းဝယ်ယူမှုရှိကြောင်း သိရသည်။

Category: Local News