Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲမာများ ပြည်ပတင်ပို့မှုရှိသောကြောင့် ဈေးနှုန်းများမြင့်တက်လာ

Last Updated:

ဖေဖော်ဝါရီလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မန္တလေးအနီးတဝိုက်မှ ပဲအသစ်များဝင်ရောက်နေပြီး၊ ပဲမာလိုင်းများအိန္ဒိယနှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုရှိနေသောကြောင့် အဝင်ရှိသလောက် အရောင်းသွက်၍ ဈေးမြင့်လာ ကြောင်း၊  မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲစဉ်းငုံ(နီ)၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၀၀၀၀၀ ဈေးရှိပြီး၊ ယခင်တစ်ပတ်ကျပ် ၁၈၃၅၀၀မှ ၁၈၃၀၀၀၊ ယခင်လကျပ်၁၇၂၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၁၆၅၀၀မှ ၁၇၀၀၀၊ ယခင်လထက် ကျပ် ၂၈၀၀၀မှ ၃၅၀၀၀မြင့်တက်လာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၆၀၀၀၀မှ ၁၄၅၀၀၀၊ ယခင် တစ်ပတ် ကျပ်၁၆၀၀၀၀မှ ၁၄၅၀၀၀၊ ယခင်လကျပ်၁၅၅၀၀၀ မှ ၁၃၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀မှ ၁၅၀၀၀မြင့်တက်လာသည်။

မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၈၄၀၀၀မှ ၁၇၈၃၀၀၊ ယခင်တစ်ပတ်ကျပ် ၁၇၅၀၀၀၊ ယခင်လကျပ် ၁၆၇၀၀၀မှ ၁၆၂၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၃၀၀မှ ၉၀၀၀၊ ယခင်လထက် ကျပ် ၁၆၃၀၀မှ ၁၇၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲ ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၇၆၀၀၀မှ ၂၆၅၀၀၀၊ ယခင်တစ်ပတ် ကျပ်၂၆၇၀၀၀မှ ၂၆၅၀၀၀၊ ယခင်လကျပ်၂၃၇၀၀၀မှ ၁၃၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၉၀၀၀၊ ယခင်လ ထက်ကျပ် ၃၅၀၀၀မှ ၃၉၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

 

Category: Local News