Local News

ပဲပုပ် ဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီးတွင် ပဲပုပ်ကို မိုးသီးနှံအဖြစ် မေ နှင့် ဇွန်လ များမှာစိုက်ပျိုး၍ ဩဂုတ်နှင့် စက်တင်ဘာလများတွင်ထွက်ပေါ်ပြီး၊ ဆောင်းသီးနှံကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများ တွင် စိုက်ပျိုးကာ ဖေဖော်ဝါရီနှင့် မတ်လများတွင် ထွက်ပေါ်လေ့ရှိသည်။ ပဲပုတ်သည် ပြည်တွင်း စားသုံးမှုရှိသည့် သီးနှံဖြစ်သည့်အပြင် ပြည်ပသို့လည်းတင်ပို့လျက်ရှိသည်။

မန္တလေးကုန်စည်ဒိုင် ဈေးကွက်သို့ ရှမ်းပြည်နယ်တွင် စိုက်ပျိုးထွက်ရှိသည့် ပဲပုတ်များ အပြင် တိုင်းတွင်းထွက်ရှိသည့် ပဲပုပ်များဝင်ရောက်၍ ရောင်းဝယ်ကြသည်။ ယခုနှစ်သီးနှံရာသီ တွင် ဆောင်းသီးနှံ ပဲပုပ်အသစ်များ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဝင်ရောက် လျက်ရှိပြီး ဖေဖော်ဝါရီလတွင် အဝင်လှိုင်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

ဖေဖော်ဝါရီလ တတိယပတ်တွင် ပဲပုပ်(ဗမာ) အသစ် ၅၃.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ် လျှင် ယခုတစ်ပတ် ၂၈၅၀၀၀ ကျပ် မှ ၂၈၈၀၀၀ ကျပ်၊ယခင်တစ်ပတ် ၂၉၀၀၀၀ ကျပ် မှ ၃၀၀၀၀၀ ကျပ်၊ ယခင်လ ၃၅၀၀၀၀ ကျပ် မှ ၃၆၀၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ထိ ဈေးနိမ့်လာပြီး၊ ယခင်လထက် ၆၅၀၀၀ ကျပ် မှ ၇၂၀၀၀ ကျပ် ဈေးနိမ့်လာသည်။

ပဲပုပ်(ကာဘိုး) ၅၃.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၃၂၀၀၀၀ ကျပ်မှ ၃၂၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၃၂၀၀၀၀ကျပ်မှ၊ ၃၃၀၀၀၀ကျပ်၊ ယခင်လ ၂၈၀၀၀၀ ကျပ် မှ ၃၁၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ဈေးအနည်းအငယ် အတက်အကျ သာ ဖြစ်ပေါ်နေသည်။

ပဲပုပ်(ရှမ်း) ၅၃.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်၊ ယခင်တစ်ပတ် နှင့် ယခင်လတွင် ၃၂၀၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ်ဖြစ်ပြီး ဈေးငြိမ်နေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

                                               

Category: Local News