Local News

ဆီကြိတ်ဖတ် ဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်ပဲမျိုးစုံ၊ဆီထွက်သီးနှံ၊ပြောင်းဖူးစေ့များနှင့်အတူဆီကြိတ်ဖတ်များမှာလည်းဈေးကွက်တစ်ခုရှိနေပြီး၊မွေးမြူရေးအစာစက်ရုံများမှအများဆုံးဝယ်ယူမှုရှိကြောင်း၊ကုန်ကြမ်းဈေးအနိမ့်အမြင့်နှင့်တိရစ္ဆာန်အစာဈေးကွက်ပေါ်မူတည်ပြီးဆီကြိတ်ဖတ်ဈေးအနိမ့်အမြင့်ရှိကြောင်းသိရသည်။

၂၀၂၅ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-

မြေပဲဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၄၄၀၀ မှ ၄၅၀၀၊ ယခင်တစ်ပတ် ကျပ် ၄၅၀၀ မှ ၄၅၅၀၊ ယခင်လကျပ် ၄၆၀၀ မှ ၄၆၅၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေ ပြီ၊ ယခင်လထက် ကျပ် ၁၅၀ မှ ၂၀၀ ခန့် ဈေးနိမ့်လာသည်။

နှမ်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၂၉၀၀မှ ၂၉၅၀၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၊ ယခင်လကျပ် ၃၇၀၀မှ ၃၈၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လ ထက် ကျပ် ၈၀၀ မှ ၈၅၀ ခန့် ဈေးနိမ့်လာသည်။နေကြာဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်/ယခင်တစ်ပတ် ကျပ် ၂၀၀၀ မှ ၂၀၅၀၊ ယခင်လကျပ် ၂၃၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၂၅၀ မှ ၃၀၀ခန့် ဈေးနိမ့်လာသည်။

မုန်ညှင်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်၊ ယခင်တစ်ပတ် ၂၅၀၀ ကျပ်၊ ယခင်လ ကျပ် ၂၆၀၀မှ ၂၆၅၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၀၀ မှ ၁၅၀ ခန့် ဈေးနိမ့်လာသည်။

ပန်းနှမ်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ်၂၄၅၀မှ ၂၅၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၀၀၊ ယခင်လ ကျပ် ၂၅၀၀မှ ၂၆၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လ ထက် ကျပ် ၅၀မှ ၁၀၀ ခန့် ဈေးနိမ့်လာသည်။

Category: Local News