Local News

ကုလားပဲမျိူစုံ အသစ်များ ဝင်ရောက်နေ

Last Updated:

ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ကုလားပဲမျိုးစုံအသစ်များဝင်ရောက်နေပြီးအရောင်းအဝယ်အေးကာဈေးနိမ့်လာကြောင်းသိရသည်။

ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၁၈၀၀၀မှ ၂၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၂၃၀၀၀ မှ ၂၂၄၀၀၀ ၊ ယခင်လ ၂၄၅၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၀မှ ၅၀၀၀၊ ယခင်လထက် ကျပ် ၂၅၀၀၀မှ ၂၇၀၀၀ခန့်  ဈေးနိမ့်လာသည်။

ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်  ကျပ် ၂၁၈၀၀၀မှ ၂၁၉၀၀၀၊ ယခင်တစ်ပတ် ၂၂၃၀၀၀ကျပ်၊ ယခင်လ ၂၄၀၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၄၀၀၀ မှ ၅၀၀၀ ၊ယခင်လထက် ကျပ် ၂၁၀၀၀မှ ၂၂၀၀၀ဈေးနိမ့်လာသည်။

ကုလားပဲ(ထိုင်ဝမ်)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၁၃၀၀၀ကျပ်၊ ယခင်တစ်ပတ် ကျပ် ၂၁၅၀၀၀ မှ ၂၁၇၀၀၀၊ ယခင်လ ၂၂၅၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၀၀၀မှ ၄၀၀၀၊ ယခင်လထက် ၁၂၀၀၀ကျပ် ဈေးနိမ့်လာသည်။

ကုလားပဲ(၉၂၉) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၁၃၀၀၀ မှ ၂၁၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၂၂၀၀၀မှ ၂၂၃၀၀၀၊ ယခင်လ ကျပ် ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၈၀၀၀မှ ၉၀၀၀၊ ယခင်လထက် ကျပ် ၂၃၀၀၀မှ ၂၄၀၀၀ ခန့် ဈေးနိမ့်လာသည်။

 

Category: Local News