Local News

အတက်/ကျဈေး ဖြစ်ပေါ်ခဲ့သည့် မွန်ပြည်နယ်၏ မြို့နယ်အလိုက် ရော်ဘာဈေးနှုန်း

Last Updated:

     မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် ဈေးနှုန်းဖွင့်လှစ်ရောင်းချသည့် ရော်ဘာ RSS-3 (Ribbed Smoke Sheet-3) တစ်ပေါင် ဈေးနှုန်းမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မော်လမြိုင် ၂၈၇၀ ကျပ်၊ ကျိုက်မရော ၂၇၀၀ ကျပ်၊ ချောင်းဆုံ ၂၈၂၀ ကျပ်၊ မုဒုံ ၂၈၇၀ ကျပ်၊ သံဖြူဇရပ် ၂၈၆၀ ကျပ်၊ ရေး ၂၄၅၀ ကျပ်၊ ပေါင် ၂၈၃၀ ကျပ်၊ သထုံ ၂၈၅၀ ကျပ်၊ ဘီးလင်း ၂၈၃၀ ကျပ်နှင့် ကျိုက်ထိုမြို့တွင် ၂၇၅၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့သည်။

     ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရော်ဘာ  RSS-3 တစ်ပေါင် ဈေးနှုန်းမှာ မော်လမြိုင် ၂၈၅၀ ကျပ်၊ ကျိုက်မရော ၂၆၅၀ ကျပ်၊ ချောင်းဆုံ ၂၇၅၀ ကျပ်၊ မုဒုံ ၂၈၇၀ ကျပ်၊ သံဖြူဇရပ် ၂၇၉၀ ကျပ်၊ ရေး ၂၄၀၀ ကျပ်၊ ပေါင် ၂၈၃၀ ကျပ်၊ သထုံ ၂၈၄၀ ကျပ်၊ ဘီးလင်း ၂၈၂၀ ကျပ်နှင့် ကျိုက်ထိုမြို့တွင် ၂၇၂၀ ကျပ် ဖြစ်ပေါ်ခဲ့သည့်အတွက် တစ်ပတ်အတွင်း ​မွန်ပြည်နယ်ရှကျိုက်ထိုမြို့နယ်တွင် ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၂၀ အကျဈေး ဖြစ်ပေါ်ခဲ့ပြီး၊ မုဒုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် ဈေးနှုန်း တည်ငြိမ်လျက်ရှိကာ ကျန်မြို့နယ်အားလုံးတွင်  ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၀ မှ ကျပ် ၁၀၀ အထိ အတက်ဈေးဖြစ်ပေါ်ခဲ့ကြောင်း ရော်ဘာဈေးကွက်မှ သတင်းရရှိသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News