မန္တလေးကုန်စည်ဒိုင်တွင် ဧပြီလပထမပတ်၌ ပဲပုပ်ဈေးကွက် အခြေအနေမှာ ဈေးကွက်သို့ လက်ကျန်နည်းပြီး အဝင်နည်းနေခြင်း၊ လုပ်ငန်းသမားများမှ ပုံမှန်အဝယ်ရှိနေခြင်း ကြောင့် အရောင်းအဝယ်သွက်နေပြီး ဈေးမြင့်တက်လာကြောင်းသိရသည်။
ပဲပုပ်(ဗမာ) ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၀၀၀၀၀မှ ၄၁၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၁၀၀၀၀ မှ ၄၂၀၀၀၀ ၊ ယခင်လ ကျပ်၃၄၀၀၀၀မှ ၃၄၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ် အတက်အကျရှိပြီး၊ ယခင်လ ထက် ကျပ် ၆၀၀၀၀မှ ၆၅၀၀ ခန့် ဈေးမြင့်တက်လာသည်။
ပဲပုပ်(ရှမ်း) မိုးမိတ်စ ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၃၀၀၀၀ မှ ၄၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၂၀၀၀၀ မှ ၄၃၀၀၀၀၊ ယခင်လ ကျပ် ၃၇၀၀၀၀ မှ ၃၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၆၀၀၀၀ မှ ၆၅၀၀၀ ခန့် ဈေးမြင့်တက်လာသည်။
ပဲပုပ်(ရှမ်း) မိုးညှင်းစ ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင် တစ်ပတ် ကျပ် ၄၄၅၀၀၀ မှ ၄၅၀၀၀၀၊၊ ယခင်လ ကျပ် ၃၈၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ ယခင်လထက် ကျပ် ၆၅၀၀၀မှ ၇၀၀၀၀ ခန့်ဈေးမြင့်တက်လာသည်။