ဧပြီလ ပထမပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ မြေပဲဆန်များ ပြည်တွင်းပြည်ပမှ အဝယ်ရှိ နေသော်လည်း အဝင်နည်းနေခြင်းကြောင့် ဈေးမြင့်တက်လာကာ အရောင်းအဝယ်သွက်နေကြောင်း သိရသည်။
မြေပဲဆန်ဈေးနှုန်းများမှာ-
S1လုံးဆန်(မြင်းမူ)တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၁၂၅၀၀ မှ ၁၃၂၀၀၊ ယခင်တစ်ပတ် ကျပ် ၁၂၀၀၀ မှ ၁၂၅၀၀၊ ယခင်လ ကျပ် ၉၈၀၀ မှ ၁၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀ မှ ၇၀၀၊ ယခင်လထက် ကျပ် ၂၇၀၀ မှ ၃၂၀၀ ခန့် ဈေးမြင့်တက်လာသည်။
S1ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၁၁၄၀၀ မှ ၁၁၈၀၀၊ ယခင်တစ်ပတ် ကျပ် ၁၀၅၀၀ မှ ၁၁၅၀၀၊ ယခင်လ ကျပ် ၈၈၀၀ မှ ၉၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၉၀၀ ၊ ယခင်လထက် ကျပ် ၂၆၀၀ မှ ၂၇၀၀ ခန့် ဈေးမြင့်တက်လာသည်။
အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၁၁၃၀၀ မှ ၁၁၈၀၀၊ ယခင်တစ်ပတ် ကျပ် ၁၁၂၀၀ မှ ၁၁၄၀၀၊ ယခင်လ ကျပ် ၈၈၀၀ မှ ၉၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ မှ ၄၀၀ ကျပ်၊ ယခင်လထက် ကျပ် ၂၅၀၀ မှ ၂၈၀၀ ခန့် ဈေးမြင့်တက်လာသည်။
အနီဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၁၀၈၀၀ မှ ၁၁၄၀၀၊ ယခင်တစ်ပတ် ကျပ် ၁၁၀၀၀ မှ ၁၁၂၀၀၊ ယခင်လ ကျပ် ၈၄၀၀ မှ ၈၇၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ ဈေးအတက်အကျရှိနေပြီး၊ ယခင်လထက် ကျပ် ၂၄၀၀ မှ ၂၇၀၀ ခန့် ဈေးမြင့်တက်လာသည်။
ပြန့်ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၁၁၈၀၀ မှ ၁၂၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၁၅၀၀ မှ ၁၁၈၀၀၊ ယခင်လ ကျပ် ၉၅၀၀ မှ ၉၆၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၃၀၀၊ ယခင်လထက် ကျပ် ၂၃၀၀ မှ ၂၄၀၀ ခန့် ဈေးမြင့်တက်လာသည်။
ပြန့်လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၁၂၅၀၀ မှ ၁၂၇၀၀ ၊ ယခင်တစ်ပတ် ၁၂၀၀၀ ကျပ် ၊ ယခင်လ ကျပ် ၉၈၀၀ မှ ၉၉၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀ မှ ၇၀၀ ၊ ယခင်လထက် ကျပ် ၂၇၀၀ မှ ၂၈၀၀ ခန့် ဈေးမြင့်တက်လာသည်။