Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန် အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

မေနောက်ဆုံးပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ဧရာဝတီမြစ်ရိုးတလျှောက်နှင့်အညာဒေသမှမြေပဲဆံများဝင်ရောက်နေပြီး၊မြေပဲလုံးဆန်များသည်ယခင်သီတင်းပတ်ကဈေးအေးနေရာမှယခုပတ်တွင်တရုတ်ဝယ်လက်မှဝယ်ယူမှုရှိခြင်းနှင့် ဆီဆံများကိုစက်ပိုင်များမှဝယ်ယူနေသောကြောင့်အရောင်းသွက်၍ဈေးမြင့်လာသည်။မြေပဲဆန်တစ်ပိဿာလျှင်ကျပ် ၁၀၀မှ၅၀၀ထိမြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၇၀၀၀မှ၇၃၀၀၊ယခင်တစ်ပတ်ကျပ်၆၅၀၀မှ၆၈၀၀၊ယခင်လကျပ် ၇၆၀၀မှ၇၇၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀မြင့်တက်လာပြီး၊ယခင်လထက်ကျပ်၄၀၀မှ၆၀၀နိမ့်ကျလာသည်။

မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးနှုန်းများမှာယခုတစ်ပတ်ကျပ်၇၀၀၀မှ၇၃၅၀၊ယခင်တစ်ပတ်ကျပ်၇၀၀၀မှ၇၂၀၀ယခင် လကျပ်၆၇၀၀မှ၇၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၊ယခင်လထက်ကျပ်၃၀၀မှ၃၅မြင့်တက်လာသည်။

S1ဆီဆန်တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၆၃၀၀မှ၆၈၀၀၊ယခင်တစ်ပတ်ကျပ်၆၅၀၀မှ၆၇၀၀၊ယခင်လကျပ်၆၃၀၀ ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀ မှ ၂၀၀၊ ယခင်လထက်ကျပ်၅၀၀ မြင့်တက်လာသည်။


မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                                          

 

Category: Local News