Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

မေလနောက်ဆုံးပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်နှမ်းဝင်ရောက်မှုနည်းနေသော်လည်းလှောင်လက် သမားများနှင့်တရုတ်ဝယ်လက်မှအဝယ်သွက်လာသောကြောင့်နှမ်းမျိုးစုံဈေးကောင်းရနေပြီးဈေးမြင့်လာသည်။နှမ်း အမျိုးအစားအလိုက်နှင့်အရည်အသွေးအပေါ်မူတည်၍၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခင်တစ်ပတ်ထက်အနိမ့်ဆုံးကျပ်၅၀၀၀မှအမြင့်ဆုံး၈၅၀၀၀ထိမြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၄၀၀၀၀မှ၄၆၀၀၀၀ယခင်တစ်ပတ်ကျပ် ၃၇၅၀၀၀မှ၃၉၅၀၀၀၊ယခင်လကျပ်၃၅၅၀၀၀မှ၃၉၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၆၅၀၀၀၊ယခင်လထက် ၆၅၀၀၀မှ၈၅၀၀၀မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၈၅၀၀၀မှ၃၉၅၀၀၀၊ယခင်တစ်ပတ်ကျပ် ၃၇၅၀၀၀မှ၃၉၅၀၀၀၊ယခင်လကျပ်၃၆၅၀၀၀မှ၃၇၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀၊ယခင်လထက်ကျပ်၂၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၂၅၀၀၀မှ၄၃၀၀၀၀၊ယခင်တစ်ပတ်ကျပ် ၄၂၀၀၀၀မှ၄၂၅၀၀၀၊ယခင်လကျပ်၃၉၅၀၀၀မှ ၄၀၀၀၀၀ ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀၊ယခင်လထက်ကျပ် ၃၀၀၀၀ မြင့်တက် လာသည်။

 နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ် ၃၀၅၀၀၀ မှ ၃၄၅၀၀၀၊ယခင်တစ်ပတ်ကျပ်၃၁၀၀၀၀ မှ ၃၁၅၀၀၀၊ယခင်လကျပ်၃၀၀၀၀၀မှ၃၀၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ၃၀၀၀၀၊ယခင်လထက်ကျပ်  ၅၀၀၀မှ၄၀၀၀၀ မြင့်တက်လာသည်။

     မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News