ဒီဇင်ဘာလနောက်ဆုံးပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ရှမ်းပဲပုပ်များအဝယ်လိုက်ပြီးဈေးအနည်းငယ်သွက်လာကြောင်း သိရသည်။
ပဲပုပ်(ဗမာ) ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၃၁၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ၊ ယခင်လ ၃၂၀၀၀၀ ကျပ် ဖြစ်သည်။ ယခင် တစ်ပတ်ထက် အနိမ့်စ ၅၀၀၀ ကျပ် ခန့်ဈေးမြင့်လာပြီး၊ အမြင့်စဈေးငြိမ်လျက်ရှိကာ၊ ယခင်လ ထက် ၅၀၀၀ ကျပ် ခန့် ဈေးနိမ့်လာသည်။
ပဲပုပ်(ရှမ်း) ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၇၀၀၀၀ မှ ၂၈၀၀၀၀၊ ယခင်လ ကျပ် ၂၈၅၀၀၀ မှ ၃၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့် ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀ ခန့် ဈေးနိမ့်လာသည်။
ပဲပုပ်(စက်ပဲ) ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၂၇၀၀၀၀၊ ယခင်လ ကျပ် ၂၇၀၀၀၀ မှ ၂၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့် ဈေးမြင့်လာပြီး ၊ ယခင်လထက် အနိမ့်စ ဈေးငြိမ်လျက်ရှိကာ အမြင့်စ ၅၀၀၀ ကျပ် ခန့်ဈေးနိမ့်လာသည်။