Local News

ပဲထောပတ် နှင့် ပဲလွန်း များ အရောင်းအဝယ်ပုံမှန်ဖြစ်နေ

Last Updated:

ဒီဇင်ဘာလနောက်ဆုံးပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပဲထောပတ်အသစ်နှင့်ပဲလွန်းပြာအသစ်များဝင်ရောက်၍အရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။

ပဲလွန်းပြာ ၅၄.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၈၅၀၀၀ မှ ၁၉၀၀၀၀၊ ယခင်တစ်ပတ် ၂၀၀၀၀၀ ကျပ် ၊ ယခင်လ ကျပ် ၁၈၀၀၀၀ မှ ၁၉၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ခန့် ဈေးနိမ့်လာပြီး၊ ယခင်လထက်  အနိမ့်စ ၅၀၀၀ ကျပ် ခန့်  ဈေးနိမ့်လာကာ အမြင့်စ ဈေးငြိမ်လျက်ရှိသည်။

ပဲထောပတ်(ကြီး) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၄၀၀၀၀ မှ ၂၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၄၀၀၀၀ မှ ၂၅၀၀၀၀၊ ယခင်လ ကျပ် ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ခန့် ဈေးနိမ့်လာသည်။

ပဲထောပတ်(သေး) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၉၀၀၀၀ မှ ၁၉၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၉၀၀၀၀ မှ ၁၉၅၀၀၀၊ ယခင်လ ကျပ် ၁၉၈၀၀၀ မှ ၂၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ၊  ယခင်လထက် ကျပ် ၅၀၀၀ မှ ၈၀၀၀ ခန့် ဈေးနိမ့်လာသည်။

Category: Local News