ဖေဖော်ဝါရီလပထမပတ်တွင်မန္တလေးကုန်စည်ဒိုင်၌မြေပဲဆန်များအရောင်းအဝယ်သွက်လာသည့်နှင့်အမျှ မွေးမြူရေးအစာဖြစ်သည့် ဆီကြိတ်ဖတ်များလည်းဈေးကောင်းရပြီးအရောင်းအဝယ်သွက်နေကြောင်း သိရသည်။
ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-
ပဲဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၆၉၀၀မှ ၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၉၅၀မှ ၇၁၀၀၊ ယခင်လ ကျပ် ၇၀၀၀မှ ၇၁၀၀ဖြစ်သည်။ ယခင်တစ်ပတ် နှင့် ယခင်လထက် ကျပ် ၅၀ မှ ၁၀၀ ခန့် အတက် အကျရှိသည်။
နှမ်းဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ် နှင့် ယခင်တစ်ပတ်တွင် ကျပ် ၄၈၀၀မှ ၄၉၀၀၊ ယခင်လ ကျပ် ၄၅၀၀မှ ၄၇၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၂၀၀ မှ ၃၀၀ ခန့် ဈေးမြင့်တက်လာသည်။
နေကြာဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ် ၃၇၀၀မှ ၃၈၀၀၊ ယခင်တစ်ပတ် ကျပ် ၃၈၀၀မှ ၃၉၀၀၊ ယခင်လကျပ် ၃၅၀၀မှ ၃၇၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၀၀မှ ၂၀၀ ခန့်ဈေးမြင့်လာသည်။
မုန်ညှင်းဖတ် တစ်ပိဿာလျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်တွင် ကျပ် ၃၈၀၀မှ ၃၉၀၀၊ ယခင်လကျပ် ၃၇၀၀မှ ၃၈၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးညိမ်နေပြီး၊ ယခင်လထက် ၁၀၀ကျပ်ခန့် ဈေးမြင့်တက်လာသည်။