ဇွန်လ စတုတ္ထအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများ ဖြစ်သော ဂျုံဖြူသန့်၊ ကုလားပဲဖြူလုံးကြီး ဈေးငြိမ်၍ ပဲမျိုးစုံဈေးကွက် တွင် ဂျုံအထွက်တိုး၊ ပဲစဉ်းငုံ၊ ပြောင်းဖူးစေ့ Cp ၊ ကုလားပဲဖြူလုံးသေးပေါက်ဈေးမှာ အနည်းငယ် ကျဆင်းနေပြီး ကုလားပဲ ထိုင်ဝမ်နှင့် ကုလားပဲ929 ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။
ဇွန်လ စတုတ္ထအပတ်တွင် သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၆၅၀၀ကျပ်၊ ဂျုံအထွက်တိုး ၅၈၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၉၄၀၀၀ကျပ်၊ ပဲနီလုံးကြား ၁၂၃၀၀၀မှ ၁၂၇၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp ၂၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၁၀၀၀ကျပ်၊ ကုလားပဲ 929 ၇၃၁၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၂၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ယခင်လကုန်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၆၅၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၀၀၀၀ ကျပ်၊ ပဲစင်းငုံ ၉၅၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၈၅၀၀၀မှ ၉၅၀၀၀ကျပ်၊ ပြောင်းဖူးစေ့ Cp ၂၅၈၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၁၅၀၀ကျပ် ၊ ကုလားပဲ 929 ၇၁၅၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် ၇၁၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ဂျုံအထွက်တိုး တစ်တင်း ၂၀၀၀ ကျပ်၊ ပဲစဉ်းငုံး တစ်တင်း ၁၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp တစ်တင်း ၈၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး ၅၀၀ကျပ် ခန့်ကျဆင်းနေပြီး ကုလားပဲ 929 တစ်တင်း ၁၆၀၀ ကျပ် ကုလားပဲ ထိုင်ဝမ် တစ်တင်း ၁၀၀၀ကျပ်ခန့် မြင့်တက် လာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး