Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဧပြီလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ ဈေးငြိမ်၍ နှမ်းညို ဈေးအနည်းငယ်ကျဆင်းနေပြီး နှမ်းနက်နှင့် နှမ်းဖြူ ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေကြောင်းသိရသည်။ ဧပြီလ ပထမပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၁၀၀၀)ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀-၁၁၉၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၀၀၀၀ ) ကျပ်ရှိ၍ယခင်အပတ် ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် (၂၀၀၀)ကျပ် ကျဆင်းနေပြီး နှမ်းနက် တစ်တင်းလျှင် (၅၀၀၀)ကျပ်နှင့် နှမ်းဖြူ တစ်တင်းလျှင် (၂၀၀၀) ကျပ် မြင့်တက်နေကြောင်းသိရသည်။

ဧပြီလ ပထမပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၀၀-၇၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀)ကျပ်ရှိပြီး  ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၀၀၀-၇၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၂၀၀-၆၃၀၀) ကျပ်၊ ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံနီ/ဖြူနှင့် ဆီဆံဈေးနှုန်းများ ငြိမ်နေကြောင်း သိရ သည်။ ယခု တစ်ပတ်တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀) ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၈၇၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၆၃၀ ကျပ် ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News