Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ ဈေးနှုန်းများ မြေပဲလုံးဆံနီ ဈေးငြိမ်၍ နှမ်းညို၊ နှမ်းနက်၊ နှမ်းဖြူ ၊မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဇွန်လ ပထမပတ်တွင် နှမ်းညို တစ်တင်းလျှင် ၁၁၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၁၈၀၀၀-၁၄၂၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၁၈၀၀၀-၁၃၀၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် ၁၀၇၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၁၅၀၀၀ -၁၂၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၁၀၀၀၀-၁၃၇၀၀၀ ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ် ကာလတူ နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် ၈၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၅၀၀၀ ကျပ်နှင့် နှမ်းဖြူ တစ်တင်းလျှင် ၅၀၀၀ ကျပ် မြင့်တက်နေကြောင်းသိရသည်။

ဇွန်လ ပထမပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၆၀၀-၆၈၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၁၀၀-၇၂၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၅၀၀ကျပ်ရှိပြီး  ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၆၀၀-၆၈၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၈၅၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ကျပ်၊ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၃၅၀ကျပ်နှင့် ဆီဆံဖြူ တစ်ပိဿာလျှင် ၁၀၀ကျပ်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပြီး မြေပဲလုံးဆံနီ ဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၃၂၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၆၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၂၅ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News