Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်အပတ်နှင့်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

အောက်တိုဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊ မြေပဲဆီဆံဖြူ ဈေးငြိမ်၍ မြေပဲလုံးဆံနီ၊ နှမ်းနက်၊ နှမ်းညိုဈေးနှုန်းကျဆင်းနေပြီး  မြေပဲလုံးဆံဖြူဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ အောက်တိုဘာလ ပထမပတ်အတွင်း နှမ်းညို တစ်တင်း  ၉၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀-၁၈၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၅၀၀၀-၁၂၅၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၃၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၅၀၀၀- ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၆၀၀၀၀- ၁၉၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၅၀၀၀ကျပ်ခန့်၊  နှမ်းနက် တစ်တင်းလျှင် ၁၀၀၀၀ကျပ်ခန့်နှုန်းကျဆင်းနေကြောင်းသိရသည်။

အောက်တိုဘာလ ပထမပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၂၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၉၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၉၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၀၀၀-၈၅၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၇၀၀ကျပ်၊ မြေပဲဆီ ဆံဖြူ တစ်ပိဿာ ၆၉၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ  တစ်ပိဿာလျှင် ၃၀၀ကျပ်ခန့် ကျဆင်း နေပြီး၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၄၀၀၀-၁၅၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၆၂၅ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News