ဒီဇင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန် သီးနှံများ ဖြစ်သော ပဲကြီး၊ ပဲနီလုံးကြား၊ ပဲယင်းဝါ၊ မြေထောက်ပဲ၊ ပြောင်းနီ၊ ထောပတ်ပဲနှင့် ပုဂံပဲဈေးငြိမ်၍ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲပုတ်စေ့၊ ပဲနီလုံးရိုးရိုး၊ ဆန်ပြောင်းဖြူ ဈေးနှုန်းများကျဆင်းနေပြီး ဂျုံဖြူသန့်၊ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ CP ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929၊ ကုလားပဲထိုင်ဝမ်နှင့် ဈေးနှုန်းများ မြင့်တက် နေကြောင်းသိရသည်။ ယခုအပတ်အတွင်း သီးနှံ တစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၄၀၀၀ ကျပ်၊ ပဲကြီး ၉၀၀၀၀ ကျပ်၊ မတ်ပဲ ၈၀၀၀၀-၁၁၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၉၀၀၀၀- ၉၆၅၀၀ကျပ်၊ ပဲတီစိမ်းသေး ၈၇၀၀၀ ကျပ်၊ ပဲစင်းငုံ ၁၁၀၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၈၀၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၇၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၀၀၀၀ ကျပ်၊ ထောပတ်ပဲ ၇၀၀၀၀ ကျပ်၊ ပဲပုပ်စေ့ ၁၆၀၀၀၀ကျပ်၊ ပုဂံပဲ ၁၃၅၀၀၀ကျပ်၊ မြေထောက်ပဲ ၇၅၀၀၀-၁၀၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၇၀၀၀ ကျပ်၊ ပြောင်းနီ ၂၃၀၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၅၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး ၉၉၀၀၀ ကျပ်၊ ကုလားပဲဖြူလုံး သေး ၉၉၀၀၀ ကျပ်၊ ကုလားပဲ 929 ၉၇၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၉၇၅၀၀ကျပ် ပေါက်ဈေး ရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများ မှာ ဂျုံဖြူသန့် ၇၁၀၀၀ ကျပ်၊ ပဲကြီး ၈၀၀၀၀-၉၀၀၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၁၀၀၀၀ကျပ်၊ ပဲတီစိမ်းကြီး ၉၂၀၀၀ကျပ်၊ ပဲတီစိမ်းသေး ၈၀၀၀၀ ကျပ်၊ ပဲစင်းငုံ ၁၁၉၀၀၀ ကျပ်၊ ပဲနီလုံး ရိုးရိုး ၈၀၀၀၀-၈၂၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၇၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၀၀၀၀ ကျပ်၊ ထောပတ်ပဲ ၇၀၀၀၀ ကျပ်၊ ပဲပုပ်စေ့ ၁၆၀၀၀၀-၁၆၅၀၀၀ကျပ်၊ ပုဂံပဲ ၁၃၅၀၀၀ကျပ်၊ မြေထောက်ပဲ ၇၅၀၀၀-၁၀၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၆၅၀၀ ကျပ်၊ ပြောင်းနီ ၂၃၀၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၇၀၀၀ကျပ် ၊ ကုလားပဲ ဖြူလုံးကြီး ၉၇၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၉၇၀၀၀ ကျပ်၊ ကုလားပဲ 929 ၉၅၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၉၆၀၀၀ကျပ် ပေါက်ဈေးရှိ၍ ယခု တစ်ပတ်အတွင်း ကာလတူ နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်း လျှင် ၃၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၅၀၀ကျပ်၊ပဲတီစိမ်းသေး တစ်တင်း လျှင် ၇၀၀၀ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ၅၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်၂၀၀၀ကျပ်၊ ကုလားပဲ ဖြူလုံးသေး တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၁၅၀၀ကျပ်၊ ထိုင်ဝမ် တစ်တင်း လျှင် ၁၅၀၀ကျပ် နှုန်း မြှင့်တက် နေပြီး မတ်ပဲ တစ်တင်းလျှင် ၅၀၀၀ကျပ်၊ ပဲစင်းငုံ တစ်တင်းလျှင် ၉၀၀၀ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် ၅၀၀၀ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်းလျှင် ၂၀၀၀ကျပ်နှုန်း ကျဆင်းနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး