Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

       မေလပထမပတ် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊နှမ်းနက် ဈေးငြိမ်၍ မြေပဲလုံးဆံဖြူ ဈေးကျဆင်းပြီး၊ မြေပဲလုံးဆံနီဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းသိရသည်။ ယခုတစ် ပတ်တွင် နှမ်းဖြူတစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက် ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းဖြူနှင့် နှမ်းနက် ဈေးငြိမ်နေကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၂၀၀-၇၃၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၈၅၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၁၀၀-၇၁၅၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၇၂၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ အနည်းငယ် မြှင့်တက်နေပြီး မြေပဲလုံးဆံဖြူ ဈေးနှုန်းများ အနည်ငယ်ကျဆင်းကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၀၅၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News