International News

Dyson စင်ကာပူတွင် ဘက်ထရီစက်ရုံအသစ်တည်ဆောက်မည်

Last Updated:

      လူသုံးကုန် အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီကြီး Dyson သည် ကုမ္ပဏီ၏ ထုတ်ကုန်အသစ်များအတွက် မျိုးဆက်သစ် ဘက်ထရီများထုတ်လုပ်ရန် အတွက် စင်ကာပူနိုင်ငံ Tuas တွင် စက်ရုံအသစ် ဖွင့်လှစ်မည်။ “ကုမ္ပဏီသမိုင်းတွင် အဆင့်မြင့်ကုန်ထုတ်လုပ်မှုတွင် အရေးပါဆုံးသော ရင်းနှီးမြှုပ်နှံမှု” ဟု ကုမ္ပဏီက ပြောကြားသည်။ ဘတ်စကက်ဘောကွင်း ၅၃ ခုစာ ၂၄၇,၀၀၀ စတုရန်းပေကျယ်ဝန်းသည့် စက်ရုံအဆောက်အအုံအသစ်သည် ယခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အပြည့်အဝလည်ပတ်နိုင်မည်ဟု မျှော်မှန်းထားသည်။
     ၎င်းစက်ရုံအသစ်သည် Dyson က ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏ ထုတ်လုပ်မှု အခြေချခြင်းများကို နှစ်ဆဖြစ်လာနိုင်စေမည့် ဆော့ဖ်ဝဲလ်၊ ဉာဏ်ရည်တု (AI) နှင့် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ကမ္ဘာလုံးတွင် မြှင့်တင်ရန် ပိုမိုကျယ်ပြန့်သော လှုပ်ရှားလုပ်‌ဆောင်မှု၏ အပိုင်းကဏ္ဍ တစ်ရပ်ဖြစ်သည်။ စင်ကာပူအခြေစိုက် Dyson ကုမ္ပဏီသည် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး (R&D) ကို အဓိကထားလုပ်ဆောင်ရန် ဗြိတိန်နှင့် ဖိလစ်ပိုင်နိုင်ငံရှိ တို့တွင်လည်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ ပေါင် ၂.၇၅ ဘီလီယံ ၅ နှစ်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဆက်လက်အကောင်အထည်ထော်နေခြင်းဖြစ်သည်။
      စင်ကာပူမှ ဘက်ထရီစက်ရုံအသစ်သည် စင်ကာပူတွင် ကုမ္ပဏီအနာဂတ်အတွက် ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သံန္နိဋ္ဌာန်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။ လက်ရှိတွင် စင်ကာပူမှာ Dyson ၏ ထုတ်ကုန်ပစ္စည်းများအတွက် မော်တာများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံရှိသည်။

Source: https://www.industrialdirectory.com.mm

Category: International News