မတ်လ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဝါ၊ နှမ်းဖြူ၊ နှမ်းနက် ၊မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ မတ်လ ပထမပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၁၀၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၈၀၀၀-၁၃၀၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာနှမ်းညို တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၃၁၀၀၀ ) ကျပ်ရှိ၍ ယခင်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညိုနှင့်နှမ်းဝါ တစ်တင်းလျှင် (၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၀၀) ကျပ်ကျဆင်းနေကြောင်းသိရသည်။
မတ်လ ပထမပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၈၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၄၅၀-၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀-၆၆၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ်၊ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံ/ဆီဆံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၉၂၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၂၅ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။