နိုဝင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊မြေပဲဆီဆန်ဖြူ ဈေးငြိမ်၍ မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ ဈေးနှုန်းကျဆင်းနေပြီး နှမ်းညို၊နှမ်းနက် ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ နိုဝင်ဘာလ ပထမပတ်အတွင်း နှမ်းညို တစ်တင်း ၉၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀-၂၀၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၂၅၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၆၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၉၆၀၀၀- ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀- ၂၀၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၂၀၀၀ကျပ်၊နှမ်းဖြူ တစ်တင်းလျှင် ၅၀၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။
နိုဝင်ဘာလ ပထမပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၇၈၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၇၇၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၇၃၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၀၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၇၃၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့် ၊မြေပဲလုံး ဆန်ဖြူ တစ်ပိဿာလျှင် ၃၀၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၄၀၀၀-၁၄၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀-၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၆၃၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၈၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး