ဧပြီလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ၊ နှမ်းညို ဈေးနှုန်းများ ဈေးငြိမ်၍ ဈေးအနည်းငယ်ကျဆင်းနေပြီး နှမ်းနက် ဈေးကျဆင်း၍ နှမ်းဖြူ ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ဧပြီလ ဒုတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၃၀၀၀)ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၄၀၀၀-၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၁၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၅၀၀၀ ) ကျပ်ရှိ၍ယခင်အပတ် ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းညို ဈေးငြိမ်၍ နှမ်းနက် တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ကျဆင်းနေပြီး နှမ်းဖြူ တစ်တင်းလျှင် (၂၀၀၀) ကျပ် မြင့်တက်နေကြောင်းသိရသည်။
ဧပြီလ ဒုတိယပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၉၀၀-၇၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀)ကျပ်ရှိပြီး ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၀၀-၇၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်၊ ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ ယခု တစ်ပတ်တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀) ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၆၅၀ ကျပ် ဖြင့်ရောင်းဝယ်နေကြောင်းသိရပါသည်။