Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဖြူ၊ မြေပဲလုံးဆန်နီဈေးနှုန်းများငြိမ်၍  မြေပဲဆီဆန်ဖြူနှင့် မြေပဲလုံးဆန်ဖြူ ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး အနှမ်းနက်ဈေးနှုန်း မြင့်တက်နေကြောင်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ် အတွင်း နှမ်းညို တစ်တင်း  ၁၀၃၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၅၀၀၀-၂၂၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၃၀၀၀- ၁၃၃၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်း မှာနှမ်းညို တစ်တင်း ၁၀၃၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၃၀၀၀- ၁၃၃၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၁၈၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူ နှိုင်းယှဉ်ပါကနှမ်းနက် တစ်တင်း ၇၀၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။

ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၆၀၀-၈၈၅၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၄၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၇၀၀-၉၀၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၅၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်ဖြူ  တစ်ပိဿာလျှင် ၁၅၀ကျပ်ခန့်၊ မြေပဲဆီဆန်ဖြူ  တစ်ပိဿာလျှင် ၁၀၀ကျပ်ခန့်နှုန်း အနည်းငယ်ကျဆင်းနေကြောင်း သိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၅၀၀၀-၁၅၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀-၁၄၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၆၁၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၃၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၄၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News