ဩဂုတ်လ ဒုတိယအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေး၌ ရောင်းဝယ်နေသော အသား/ငါး ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာ ၃၄၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ကျပ်၊ ဆိတ်သား တစ်ပိဿာ ၄၄၀၀၀ကျပ်၊ CP ကြက်သား (ကောင်လုံး) တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ကြက်သား (ဗမာ) တစ်ပိဿာ ၂၈၀၀၀ကျပ်၊ ဟိုက်ကြက် တစ်ပိဿာ ၂၇၀၀၀ကျပ်၊ ငါးကြင်းနီ တစ်ပိဿာ ၂၂၀၀၀ကျပ်၊ ဟင်းငန်ငါး တစ်ပိဿာ ၂၅၀၀၀ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ငါးမုတ် တစ်ပိဿာ ၁၈၀၀၀ကျပ်၊ ငါးမြင်း တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ငါးဖယ်အသားခြစ် တစ်ပိဿာ ၃၈၀၀၀ကျပ်၊ ပုဇွန် တစ်ပိဿာ ၄၅၀၀၀ကျပ်စသည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ယခင်လပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဆိတ်သား တစ်ပိဿာ ၄၀၀၀ကျပ်၊ ကြက်သား (ဗမာ) တစ်ပိဿာ ၁၀၀၀ကျပ်ခန့် မြင့်တက်လာပြီး အမဲသား၊ ဝက်သား၊ CP ကြက်သား စသည့်ဈေးနှုန်းများမှာ ဈေးငြိမ်၍ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြင်း၊ ငါးဖယ်သားခြစ်၊ ဟင်းငန်စသည့် ငါးအမျိးမျိုးတို့သည်လည်း ယခင်လဈေးနှုန်းများအတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး