International News

ရုရှားအစိုးရ၏ ဆန်တင်ပို့မှုဆိုင်ရာ ဆုံးဖြတ်ချက်

Last Updated:

ရုရှားအစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်လက်အောက်ရှိ အကောက်ခွန်နှုန်းထားနှင့် အကောက်မဲ့စည်းမျဉ်းများဆိုင်ရာ ဆပ်ကော် မတီသည် အခွံမချွတ်ရသေးသောဆန်(Paddy Rice/ Raw Rice)ကို ရုရှားမှ တင်ပို့ခြင်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တားမြစ်ထားသည့်အစီအစဉ်ကို ဆက်လက်သက်တမ်းတိုးခဲ့သည်။ သို့သော် မျိုးစေ့အတွက် အသုံးပြုမည့်ဆန်ကိုမူ ခြွင်းချက်အဖြစ်တင်ပို့ခွင့်ပြု ထား သည်။

ထို့အပြင် အခွံချွတ်ပြီးသောဆန်(Husked Rice)နှင့် ဆန်မှုန့်/ဆန်အကြမ်း(Rice Groats)များကို ယူရေးရှားစီးပွားရေးသမဂ္ဂ(EAEU)ပြင်ပနိုင်ငံများသို့ တန်ချိန် ၅၀,၀၀၀ အထိတင်ပို့နိုင်ရန် အကောက်ခွန်ခွဲတမ်း (Tariff Quota)ချမှတ်ရန်ဆုံးဖြတ်ခဲ့သည်။ ခွဲတမ်းအတွင်းတင်ပို့ပါက ပို့ကုန်အခွန်နှုန်း ၀% ၊ ခွဲတမ်းကျော်လွန်၍ တင်ပို့ပါက ပို့ကုန်အခွန်နှုန်း ၅၀% ဖြစ်သည်။

တစ်ချိန်တည်းတွင် ၂၀၂၆ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် ပြုပြင်ပြီးသောဆန်များကို ဆက်လက်တင်ပို့နိုင်ရေးကိစ္စကိုလည်း စတင်ဆွေးနွေးနေပြီဖြစ်သည်။ နှစ်စဉ်ဆန်ထွက်ရှိမှုတန်ချိန် ၁.၁ သန်းကျော်ရရှိပါက ဆန်တင်ပို့မှုကို ခွင့်ပြုနိုင်မည်ဟု ယူဆထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်သည့် နောက်ဆုံးဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် တတိယသုံးလပတ်အတွင်း ဆပ်ကော်မရှင်အစည်းအဝေးတွင် ချမှတ်ရန်စီစဉ်ထားသည်။

Source: : https://www.akm.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News