Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲကြီး၊ ပဲယင်းဝါနှင့်  ပြောင်းနီဈေးငြိမ်၍  CP ပြောင်းဖူးစေ့ မြင့်တက်နေပြီး  မတ်ပဲ၊ ပဲတီစိမ်းကြီး၊ ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊  ထောပတ်ပဲ၊  မြေထောက်ပဲဖြူ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929နှင့် ကုလားပဲထိုင်ဝမ်ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခုအပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၆၄၀၀၀ ကျပ်၊  ဂျုံထွက်တိုး ၅၅၀၀၀ ကျပ်၊ ပဲကြီး ၈၆၀၀၀ ကျပ်၊ မတ်ပဲ ၉၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး (သ) ၆၂၅၀၀ ကျပ်၊ ပဲစင်းငုံ ၁၄၃၇၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၅၆၀၀၀ ကျပ်၊ ပဲနီလုံးကြား ၆၆၀၀၀ ကျပ်၊ ပဲယင်းဝါ ၅၂၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၂၀၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၁၅၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၂၀၀၀ ကျပ်၊ ပြောင်းနီ ၂၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၄၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၆၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၁၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၁၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၆၄၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၅၅၀၀၀ ကျပ်၊ ပဲကြီး ၈၆၀၀၀ ကျပ်၊ မတ်ပဲ ၁၀၂၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး (သ) ၆၅၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၂၅၀၀ ကျပ်၊ ပဲစင်းငုံ  ၁၄၆၅၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၅၆၀၀၀-၅၇၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၆၇၀၀၀ ကျပ်၊ ပဲယင်းဝါ ၅၂၀၀၀ ကျပ်၊ ပုဂံပဲ ၁၁၆၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၂၅၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၂၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၁၅၀၀ ကျပ်၊ ပြောင်းနီ  ၂၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး  ၈၆၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၈၀၀၀ ကျပ်၊ ကုလားပဲ 929 ၈၃၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၂၀၀၀ကျပ် ပေါက်ဈေးရှိ၍  ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ၅၀၀ ကျပ်နှုန်းမြှင့်တက်နေပြီး မတ်ပဲ တစ်တင်းလျှင် ၇၀၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၂၅၀၀ကျပ်၊  ပဲစင်းငုံ တစ်တင်းလျှင် ၂၈၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၁၀၀၀ ကျပ်၊  ထောပတ်ပဲ တစ်တင်းလျှင် ၅၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) တစ်တင်းလျှင် ၅၀၀၀ကျပ်၊  ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံသေး တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ကုလားပဲ 929 ၁၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၁၀၀၀ ကျပ်နှုန်းကျဆင်းနေကြောင်းသိရသည်။                 

Category: Local News