Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

            စက်တင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပုဂံပဲ၊ပဲယင်းဝါ၊ မတ်ပဲ၊ ပဲကြီး၊ Cp ပြောင်းဖူးစေ့၊ ကုဖြူလုံးကြီးတို့ ဈေးငြိမ်၍ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ကုလားပဲထိုင်ဝမ်ဈေးနှုန်းများ ကျဆင်းနေပြီး၊ ပဲတီစိမ်းကြီး၊ မတ်ပဲ၊ ပဲနီလုံးကြား ပဲတီစိမ်းသေး၊ ပဲနီလုံးရိုးရိုး၊   ကုလားပဲမျိုးစုံစသည် ပဲများအားလုံး ဈေးနှုန်းများ မြင့်တက်လာကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေး နှုန်းများမှာ ဂျုံဖြူသန့် (၆၈၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၄၀၀၀)ကျပ်၊ ပဲကြီး (၁၀၆၅၀၀)ကျပ်၊ မတ်ပဲ (၇၈၀၀၀-၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၀၀၀၀- ၅၆၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၆၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၅၀၀)ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၀၀၀၀)ကျပ်၊ ကုလား ဖြူလုံးသေး (၉၂၅၀၀)ကျပ်၊ ကုလားပဲ 929 (၈၉၅၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၈၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၇၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၄၅၀၀)ကျပ်၊ ပဲကြီး (၁၀၆၅၀၀)ကျပ်၊ မတ်ပဲ (၇၆၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၀၀၀၀-၅၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၀၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၉၀၀၀၀)ကျပ်၊ ကုလားဖြူလုံးသေး (၉၁၅၀၀) ကျပ်၊ ကုလားပဲ 929 (၈၉၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၈၅၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ် အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့်တစ်တင်း (၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၅၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း ကျပ်(၅၀၀)ကျဆင်းသွားကြောင်း၊ ပဲတီစိမ်းကြီး တစ်တင်း (၂၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်း(၁၅၀၀)ကျပ်၊ပဲနီလုံးကြား (၁၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး(၁၀၀၀) ကျပ်၊ ကုလား929 တစ်တင်း (၅၀၀)ကျပ်၊ ကုလားဖြူလုံးသေး တစ်တင်း (၁၀၀၀) ကျပ် အသီးသီးဈေးနှုန်းများ မြင့်တက်လာကြောင်းသိရသည်။

Category: Local News