Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ကုလားပဲ(မျိုးစုံ)

မတ်လပထမတစ်ပတ်အတွင်း ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၃၅၀၀)ကျပ်၊ 929  (၆၂၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၃၅၀၀)ကျပ်၊ 929  (၆၂၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်းသိရပါသည်။

ပဲစဉ်းငုံ

မတ်လပထမတစ်ပတ်အတွင်း ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၇၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၇၀၀၀) ကျပ်ရှိ၍   ယခင်တစ်ပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၅၀၀) ကျပ် ပြန်လည်မြင့်တက်လာကြောကြောင်းသိရပါသည်။

မတ်ပဲ

မတ်လပထမတစ်ပတ်အတွင်း မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၉၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၉၀၀၀) ကျပ်ရှိ၍   ယခင်တစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးငြိမ်နေပါသည်။

ပဲတီစိမ်း

မတ်လပထမတစ်ပတ်အတွင်း ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၄၅၀၀၀မှ၅၀၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၄၀၀၀၀မှ၄၁၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၄၅၀၀၀မှ၅၀၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၄၃၀၀၀)ကျပ်ရှိပါသည်။ ယခင်တစ်ပတ် ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(ကြီး)မှာ ဈေးငြိမ်နေပြီး ပဲတီစိမ်း (သေး) မှာ တစ်တင်း (၂၀၀၀)ကျပ်ခန့် ကျဆင်းလာကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ပြောင်းနီ

မတ်လပထမတစ်ပတ်အတွင်း ပြောင်းဖူးစေ့(CP) တစ်တင်း (၁၉၈၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးမှာ ပြောင်းဖူးစေ့(CP) တစ်တင်း  (၂၀၇၀၀)ကျပ်ရှိ၍ ယခင်တစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News