Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နှမ်း(မျိုးစုံ)

မတ်လပထမတစ်ပတ်အတွင်း နှမ်းမျိုးစုံပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် (၉၅၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၁၀၁၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀မှ၉၅၀၀၀)ကျပ်ပေါက်ဈေးရှိ၍ ယခင်တစ်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းနက်ဈေးမှာ ဈေးငြိမ်နေပြီး နှမ်းဖြူမှာ တစ်တင်း (၄၀၀၀)ကျပ်ခန့် မြင့်တက်လာကြောင်းသိရသည်။

မြေပဲလုံးဆံ

မတ်လပထမတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၃၅၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၅၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၆၀၀၀)ကျပ်ရှိပါသည်။ ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးများမှာ  လုံးဆံဖြူ တစ်ပိဿာ (၆၃၅၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၅၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၆၀၀၀)ကျပ်ပေါက်ဈေးရှိ၍ ယခင်တစ်ပတ် ပေါက်ဈေးနှုန်းများအတိုင်းဈေးငြိမ်နေကြောင်းသိရသည်။ ဆီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာလျှင် (၁၁၅၀၀-၁၂၀၀၀) ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် (၁၀၅၀၀-၁၁၀၀၀)ကျပ်ထိ ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News