ဈေးကွက်ဈေးနှုန်း

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မတ်လ တတိပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ ဈေးငြိမ်၍  နှမ်းညို၊ နှမ်းဝါ၊ နှမ်းဖြူ၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ မတ်လ တတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၈၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၈၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၉၀၀၀)ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာနှမ်းညို တစ်တင်းလျှင် (၉၉၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၉၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၈၀၀၀-၁၃၀၀၀၀ ) ကျပ် ရှိ၍ ယခင်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညိုနှင့်နှမ်းဝါ တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၃၀၀၀)ကျပ်ကျဆင်းနေကြောင်းသိရသည်။

မတ်လ တတိပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၀၀-၇၃၅၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀)ကျပ်ရှိပြီး  ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၆၀၀-၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်၊ ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံနီ/ဖြူဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခု တစ်ပတ်တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၈၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၆၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။