Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး(သစ်) (၆၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(သစ်) (၆၁၅၀၀)ကျပ်၊ 929  (၆၀၅၀၀)ကျပ် ပေါက် ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(သစ်) (၆၂၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (သစ်) (၆၂၅၀၀) ကျပ်၊ 929(သစ်) တစ်တင်းလျှင် (၆၀၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929ဈေးငြိမ်နေပြီး ကုလားပဲဖြူလုံး(ကြီး/သေး) ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေကြောင်း သိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၄၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၅၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၅၀၀) ကျပ် ကျဆင်းကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၀၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၁၅၀၀-၆၁၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၁၅၀၀) ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၅၁၅၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၄၄၀၀၀)ကျပ် ယခင်တစ်ပတ် ကာလတူ အချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၅၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၄၅၀၀၀)ကျပ်ရှိပါသည်။ ယခုတစ်ပတ် ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး)/ (သေး) ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်း သိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ပြောင်းနီ

ယခုတစ်ပတ် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၂၂၆၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန် တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း  (၂၂၇၀၀)ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့(စီပီ) အနည်းငယ်ကျဆင်းနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News