ဇူလိုင်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက် ဈေးငြိမ်နေပြီး နှမ်းဖြူ၊ နှမ်းညို၊ မြေပဲဆံ ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရပါသည်။
ဇူလိုင်လ တတိယပတ်အတွင်း နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းနက် တစ်တင်း ၁၄၀၀၀၀ ကျပ်မှ ၁၇၃၀၀၀ ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၃၃၀၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၁၂၅၀၀၀ ကျပ်မှ ၁၂၇၀၀၀ ကျပ်ထိရှိပြီး ယခင်တစ်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၁၄၀၀၀၀ ကျပ်မှ ၁၇၃၀၀၀ ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၃၅၀၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၁၂၅၀၀၀ ကျပ်မှ ၁၃၂၀၀၀ ကျပ်ထိရှိပြီး ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၅၀၀၀ ကျပ်နှင့် နှမ်းဖြူ တစ်တင်း ၂၀၀၀ ကျပ်ခန့် ကျဆင်းနေကြောင်းသိရပါသည်။
ဇူလိုင်လ တတိယပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၂၆၀၀ ကျပ်မှ ၁၂၉၀၀ ကျပ်ထိ၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၂၅၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၂၀၀၀ ကျပ်ထိရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၃၅၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၃၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၂၈၀၀ကျပ်ထိ၊ ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၀၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရသည်။
ဇူလိုင်လ တတိယပတ်အတွင်း ပဲဆီ တစ်ပိဿာ ၂၁၅၀၀ကျပ်မှ ၂၂၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၅၅၀၀ ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၇၄၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၅၄၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၉၅၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး