စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပဲမျိုးစုံလျာထားစိုက်ဧကမှာ ၂၄ သိန်း ကျော်ရှိသည့်အနက် ကုလားပဲ စိုက်ဧက ၄ သိန်းကျော် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
မုံရွာကုန်စည်ဒိုင်၌ ရောင်းဝယ်နေသော ကုလားပဲဈေးနှုန်းများမှာ ဇူလိုင်လ တတိယအပတ် တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း ၇၅၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၇၂၅၀၀ ကျပ်၊ ကုလားပဲ (929) တစ်တင်း ၇၆၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၇၅၀၀၀ ကျပ်ဖြစ်ပြီး ပစ္စည်း အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ယခင်လ ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၇၃၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၇၁၀၀၀ ကျပ်၊ ကုလားပဲ (929) တစ်တင်း ၇၃၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၇၃၅၀၀ ကျပ်ဈေးနှုန်းရှိပြီး ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုဖြူလုံး ကြီး တစ်တင်း ၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၁၅၀၀ ကျပ်၊ ကုလားပဲ (929) တစ်တင်း ၂၅၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း ၁၅၀၀ကျပ်ခန့် မြင့်တက်နေကြောင်းသိရပါသည်။ ထိုသို့ ဈေးတက်နေရခြင်းမှာ ဈေးကွက်အတွင်းသို့ ကုလားပဲများအဝင် နည်းပြီး ပဲကြော်ဖိုများမှ အဆွဲရှိ ခြင်းနှင့် အောက်ပိုင်းမှဝယ်ယူမှုများလာသဖြင့် ဈေးအနည်းငယ် တက်လာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး