Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများ ဖြစ်သော ပဲနီလုံးရိုးရိုး ဈေးငြိမ်၍ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ မတ်ပဲ၊ ပဲကြီး၊ ပဲနီလုံးကြား၊ ကုဖြူလုံးကြီး၊ ကုဖြူလုံးသေး၊ ထိုင်ဝမ်၊ 929 ဈေးနှုန်းများ မြှင့်တက်နေပြီး ပဲစဉ်းငုံ နှင့်ပဲတီစိမ်းကြီးဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခုအပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၂၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၅၈၀၀၀ကျပ်၊  ပဲကြီး ၈၉၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၉၀၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၁၃၁၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၉၇၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၈၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၉၀၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၅၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၄၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၀၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၅၇၀၀၀ကျပ်၊  ပဲကြီး ၈၇၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၉၀၂၀၀ ကျပ်၊ မတ်ပဲ ၈၃၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၁၄၅၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၉၇၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၁၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၁၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၃၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၀၀၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၆၅၀၀ ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် ၂၀၀၀ကျပ်၊ ဂျုံအထွက်တိုး တစ်တင်းလျှင် ၁၀၀၀ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၂၀၀၀ကျပ်၊  ပဲကြီး တစ်တင်းလျှင် ၂၀၀၀ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၇၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် ၇၀၀၀ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၅၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၅၀၀ ကျပ်နှုန်း မြှင့်တက်နေပြီး  ပဲစဉ်းငုံ တစ်တင်းလျှင် ၁၂၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၁၄၀၀၀ကျပ်နှုန်း ကျဆင်းနေကြောင်း သိရသည်။   

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News