Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲကြီး၊ ပဲတီစိမ်းသေး၊ ပုဂံပဲ၊ မြေထောက်ပဲဖြူ၊ ပြောင်းနီ ဈေးငြိမ်၍  ဂျုံထွက်တိုးဈေးနှုန်း ကျဆင်းနေပြီး၊ ဂျုံဖြူသန့်၊ မတ်ပဲ၊ ပဲတီစိမ်းကြီး၊  ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပဲယင်းဝါ၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ 929 ၊ ကုလားပဲထိုင်ဝမ်ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၅၁၅၀၀ ကျပ်၊  ဂျုံထွက်တိုး ၄၄၇၀၀ ကျပ်၊ ပဲကြီး ၇၈၀၀၀-၈၀၀၀၀ ကျပ်၊ မတ်ပဲ ၉၆၀၀၀- ၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး (သ) ၆၁၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၀၀၀၀ ကျပ်၊ ပဲစင်းငုံ ၁၃၅၈၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၄၈၀၀၀ ကျပ်၊ ပဲနီလုံးကြား ၅၃၀၀၀ ကျပ်၊ ပဲယင်းဝါ ၄၅၀၀၀ ကျပ်၊ ပုဂံပဲ ၉၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၁၀၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၁၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၁၉၃၀၀ ကျပ်၊ ပြောင်းနီ ၂၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၁၀၀၀ ကျပ်၊  ကုလားပဲ 929 ၇၈၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၆၅၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၅၁၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၄၅၀၀၀ ကျပ်၊ ပဲကြီး ၇၈၀၀၀- ၈၀၀၀၀ ကျပ်၊ မတ်ပဲ ၉၄၀၀၀-၉၉၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး (သ) ၅၉၅၀၀ ကျပ်၊ ပဲတီစိမ်းသေး ၄၈၀၀၀-၅၀၀၀၀ ကျပ်၊ ပဲစင်းငုံ  ၁၃၀၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၄၇၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၅၁၀၀၀ ကျပ်၊ ပဲယင်းဝါ ၄၃၀၀၀ ကျပ်၊ ပုဂံပဲ ၉၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၀၅၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၁၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၁၇၅၀၀ ကျပ်၊ ပြောင်းနီ  ၂၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး  ၇၉၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၁၀၀၀ ကျပ်၊ ကုလားပဲ 929 ၇၈၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၅၅၀၀ ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံထွက်တိုး တစ်တင်း ၃၀၀ ကျပ်နှုန်း ကျဆင်းနေပြီး ဂျုံဖြူသန့် တစ်တင်းလျှင် ၅၀၀ ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၁၀၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၁၅၀၀ကျပ်၊  ပဲစင်းငုံ တစ်တင်းလျှင် ၅၈၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် ၂၀၀၀ကျပ်၊ ထောပတ်ပဲ တစ်တင်းလျှင် ၅၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ၁၈၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၁၅၀၀ ကျပ်၊ ကုလားပဲ 929 ၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၁၀၀၀ ကျပ်နှုန်းမြင့်တက်နေကြောင်းသိရသည်။                 

Category: Local News