Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

အောက်တိုဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊ မြေပဲလုံးဆန်နီ၊ မြေပဲဆီဆန်ဖြူ ဈေးငြိမ်၍ နှမ်းညို၊ မြေပဲလုံးဆန်ဖြူ ဈေးနှုန်းကျဆင်းနေပြီး  နှမ်းနက် ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ အောက်တိုဘာလ စတုတ္ထပတ်အတွင်း နှမ်းညို တစ်တင်း  ၉၂၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀-၂၀၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၉၀၀၀၀-၁၂၀၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၉၅၀၀၀- ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၇၀၀၀၀- ၂၀၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၃၀၀၀ကျပ်ခန့်ကျဆင်းနေပြီး၊  နှမ်းနက် တစ်တင်းလျှင် ၁၀၀၀၀ကျပ်ခန့်နှုန်းမြင့်တက်နေကြောင်းသိရသည်။

အောက်တိုဘာလ စတုတ္ထပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၇၈၀၀-၈၃၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၇၅၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၆၈၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၇၈၀၀-၈၃၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၇၇၀၀-၇၈၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ  တစ်ပိဿာ ၆၈၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံး ဆန်ဖြူ တစ်ပိဿာလျှင် ၃၀၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၄၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀-၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၆၄၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၈၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News