Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဖေဖော်ဝါရီလ တတိယပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော မတ်ပဲ၊ ပြောင်းနီနှင့် ပဲလွန်းပြာ ဈေးငြိမ်နေပြီး ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊  ပဲကြီး၊ ပဲတီစိမ်းသေး၊ ပဲစဉ်းငုံ၊ ပဲယင်းဝါ၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ  929 ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက် ဈေးနှုန်းများမှာ ပဲကြီး (၁၁၀၀၀၀) ကျပ်၊ မတ်ပဲ(၉၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၂၀၀၀-၅၃၀၀၀)ကျပ်၊ ပဲစင်းငုံ (၁၁၇၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၃၀၀၀-၅၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၆၅၀၀၀) ကျပ်၊ ပဲယင်းဝါ (၅၀၀၀၀)ကျပ်၊ ထောပတ်ပဲ (၁၁၅၀၀၀)ကျပ်၊ မြေထောက်ပဲ(၁၁၂၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၇၄၀၀)ကျပ်၊ ပြောင်းနီ (၂၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၈၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံး သေး (၈၆၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၅၅၀၀)ကျပ်၊ ပဲလွန်းပြာ (၆၃၀၀၀)ကျပ်၊ ပဲလွန်းဖြူ (၇၀၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်အပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ပဲကြီး(သ)(၁၃၀၀၀၀)ကျပ်၊ မတ်ပဲ (၉၀၀၀၀-၈၅၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၈၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၂၀၀၀-၅၄၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၂၁၃၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၆၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၇၅၀၀၀) ကျပ်၊ ပဲယင်းဝါ (၅၂၀၀၀)ကျပ်၊ ထောပတ်ပဲ (၁၁၇၀၀၀)ကျပ်၊ မြေထောက်ပဲ (၁၁၃၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့(၁၈၀၀၀)ကျပ်၊ ပြောင်းနီ (၂၆၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၁၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၀၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၆၅၀၀)ကျပ်၊  ပဲလွန်းပြာ (၆၃၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်း ယှဉ်ပါက  ပဲကြီး တစ်တင်းလျှင် (၂၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၄၃၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင်  (၁၀၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၁၀၀၀၀) ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ထောပတ်ပဲ တစ်တင်းလျှင် (၂၀၀၀)ကျပ်၊မြေထောက်ပဲ တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၆၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်(၃၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ကုလားပဲ  929 (၁၀၀၀)ကျပ်နှုန်းကျဆင်းနေကြောင်းသိရသည်။

Category: Local News