ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာ ထွက်ကုန် သီးနှံများဖြစ်သော ကုလားပဲဖြူလုံးသေး၊ ပဲနီလုံးကြားဈေးငြိမ်၍ ပဲကြီးနှင့် ပဲစဉ်းငုံ ဈေးနှုန်း များ မြှင့်တက်နေပြီး ပဲနီလုံးရိုးရိုး ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်းနေ ကြောင်းသိရသည်။ယခုအပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ပဲကြီး ၈၈၀၀၀-၉၀၀၀၀ ကျပ်၊ ပဲစင်းငုံ ၉၂၈၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၉၅၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၅၀၀၀ ကျပ်၊ ပဲပုတ်စေ့ ၁၀၀၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၇၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၈၀၀၀ ကျပ်၊ ကုလားပဲ 929 ၇၃၅၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ မတ်ပဲ ၈၀၀၀၀-၁၀၀၀၀၀ကျပ်၊ ပဲကြီး ၈၉၀၀၀ ကျပ်၊ ပဲစင်းငုံ ၉၁၇၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၉၈၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၅၀၀၀ ကျပ်၊ ပဲလွန်းပြာ ၆၈၀၀၀ ကျပ်၊ ပြောင်းနီ ၂၅၀၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၇၀၀၀ကျပ် ၊ ကုလားပဲဖြူလုံးကြီး ၇၈၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၈၀၀၀ ကျပ်၊ ကုလားပဲ 929 ၇၆၀၀၀ ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် ၁၀၀၀ကျပ်၊ ပဲစင်းငုံ တစ်တင်း လျှင် ၁၁၀၀ကျပ်နှုန်းမြှင့်တက်နေပြီး ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၁၀၀၀ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၂၅၀၀ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး