International News

အာဆီယံနိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံ၏ကုန်သွယ်မှုသည် ၅ လအတွင်း ၁၀.၄ ရာခိုင်နှုန်းတိုးလာ

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀.၄ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်အကောက် ခွန်ဦးစီးဌာန၏စာရင်းဇယားများအရ သိရှိရပါသည်။

အဆိုပါကိန်းဂဏန်းများအနက် ဗီယက်နမ်နိုင်ငံမှ ပို့ကုန်နှင့်သွင်းကုန်များသည် အမေရိကန်ဒေါ်လာ ၁၅.၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂၂.၂ ဘီလီယံအသီးသီးရှိကြောင်းနှင့် ကုန်သွယ်မှုလိုငွေ ၆.၅၁ ဘီလီယံရှိပြီး ၆၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

အဆိုပါကာလအတွင်း ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံရှိကာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၄၉ ဘီလီယံနှင့် ဒုတိယနေရာမှာ ရပ်တည်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အာဆီယံအတွင်းထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ ကုန်ပစ္စည်းအဓိကတင်သွင်းသူဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၂၄ ဘီလီယံရှိပြီး ၁၄.၃ ရာခိုင် နှုန်းတိုးမြှင့်လာကြောင်းသိရှိရပါသည်။အလားတူပင် အင်ဒိုနီးရှားနိုင်ငံသည် ဗီယက် နမ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News