Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇူလိုင်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သေ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ ပဲယင်းဝါ၊ ထောပတ်ပဲနှင့် CP ပြောင်းဖူးစေ့ ဈေးငြိမ်၍  ပဲစင်းငုံဈေးကျဆင်းနေပြီး  ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ထိုင်ဝမ်၊ ပဲကြီး၊ မတ်ပဲ၊  ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊  ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929နှင့် ကုလားပဲထိုင်ဝမ်ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၆၀၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၅၂၀၀၀ ကျပ်၊ ထိုင်ဝမ် ၈၀၀၀၀ကျပ်၊ ပဲကြီး ၈၂၀၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၉၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး ၅၈၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၃၀၀၀ ကျပ်၊  ပဲစင်းငုံ ၁၃၉၈၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၅၈၀၀၀ ကျပ်၊ ပဲနီလုံးကြား ၇၃၀၀၀ ကျပ်၊ ပဲယင်းဝါ ၄၈၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၁၀၀၀၀ ကျပ်၊  CP ပြောင်းဖူးစေ့ ၂၂၄၀၀ ကျပ်၊ ပြောင်းနီ ၂၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၃၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၃၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၀၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၅၈၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၄၉၅၀၀ ကျပ်၊ ထိုင်ဝမ် ၇၉၅၀၀ကျပ်၊ ပဲကြီး ၇၆၀၀၀ ကျပ်၊ မတ်ပဲ ၉၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး  ၅၈၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၃၀၀၀ ကျပ်၊ ပဲစင်းငုံ  ၁၄၀၅၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၅၃၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၇၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၄၈၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၁၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၂၄၀၀ ကျပ်၊ ပြောင်းနီ ၂၃၀၀၀ ကျပ်၊ ၊ ကုလားပဲဖြူလုံးကြီး  ၈၁၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၁၀၀၀ ကျပ်၊ ကုလားပဲ 929 ၇၉၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၉၅၀၀ကျပ် ပေါက်ဈေးရှိ၍ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက  ဂျုံဖြူသန့် တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ဂျုံထွက်တိုး တစ်တင်းလျှင် ၂၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၅၀၀ကျပ်၊ ပဲကြီး တစ်တင်းလျှင် ၆၀၀၀ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၅၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် ၁၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံသေး တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၅၀၀ ကျပ်နှုန်းမြှင့်တက်နေပြီး ပဲစဉ်းငုံ တစ်တင်းလျှင် ၇၀၀ကျပ်နှုန်းကျဆင်းနေကြောင်းသိရသည်။               

Category: Local News