Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေး ကွက်အခြေအနေမှာ မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ၊ မြေပဲဆီဆန်ဖြူ ဈေးငြိမ်၍ နှမ်းညို၊ နှမ်းဖြူ ကျဆင်းနေပြီး နှမ်းနက်ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း နှမ်းညို တစ်တင်း  ၉၇၅၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀-၂၂၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၂၁၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၂၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၇၀၀၀- ၁၂၇၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၅၀၀၀- ၂၂၃၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၄၅၀၀ကျပ်ခန့်၊ နှမ်းဖြူ တစ်တင်းလျှင် ၆၀၀၀ ကျပ် ခန့် ကျဆင်းနေပြီး နှမ်းနက် တစ်တင်း ၂၀၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။

ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၈၀၀- ၉၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၅၅၀-၈၈၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၃၀၀ကျပ်ရှိပြီး ယခင် ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၆၀၀- ၈၈၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၃၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ၊   မြေပဲလုံး ဆန်ဖြူ၊ မြေပဲဆီဆန်ဖြူ   ဈေးနှုန်းများငြိမ်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၅၀၀၀- ၁၅၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀-၁၄၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၆၃၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၄၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News