မေလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဖြူ ၊မြေပဲဆီဆံဖြူများ ဈေးငြိမ်၍ နှမ်းနက်၊ မြေပဲလုံးဆံဖြူဈေးနှုန်းများမြင့်တက်နေပြီး၊ မြေပဲလုံးဆံနီ ဈေးအနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ မေလ ဒုတိယပတ်အတွင်း နှမ်းညို တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀ - ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၅၀၀၀ -၁၂၅၀၀၀ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဝါ တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၄၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၀၀၀၀-၁၂၅၀၀၀ ကျပ်ရှိ၍ ယခင်ပတ်ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ကျပ် မြင့်တက်နေပြီး နှမ်းဖြူနှင့် နှမ်းညို ဈေးငြိမ်နေကြောင်းသိရသည်။
မေလ ဒုတိယပတ်တွင် မြေပဲလုံးဆံ ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၅၀၀-၆၆၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၀၀၀-၇၁၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ကျပ်ရှိပြီး ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၉၀၀-၇၀၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၉၀၀-၇၀၀၀ ကျပ်၊ မြေပဲဆီဆံဖြူတစ်ပိဿာ ၆၄၀၀ ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာ ၄၀၀ကျပ် ကျဆင်းနေပြီး မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၀၀ကျပ်အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ်တစ်ပိဿာ ၂၉၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၄၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၇၅ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။