ဖေဖော်ဝါရီလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက် အခြေအနေမှာ နှမ်းဖြူ၊ နှမ်းနက်မြင့်တက်နေပြီး နှမ်းညို၊မြေပဲလုံးဆန်နီ ၊ မြေပဲလုံးဆန်ဖြူနှင့် ဆီဆန် ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ဖေဖော်ဝါရီလကုန်တွင် နှမ်းညို တစ်တင်း ၉၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၃၂၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၁၅၀၀၀ ကျပ်ဖြစ်ကာ ယခင်လကုန် ကာလတူ ပေါက်ဈေးနှုန်း မှာနှမ်းညို တစ်တင်း ၁၀၃၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၃၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၂၅၀၀၀ကျပ်၊နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၂၀၀၀၀ ကျပ်ရှိ၍ ယခုလကုန်နှင့် ယခင်လကုန်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၅၀၀၀ ကျပ်ခန့်ကျဆင်းနေပြီး နှမ်းဖြူ တစ်တင်း ၁၂၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၇၀၀၀ ကျပ်ခန့်မြင့်တက်နေကြောင်း သိရသည်။
ဖေဖော်ဝါရီလကုန်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၂၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၆၅၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၀၀၀ကျပ်ရှိပြီး ယခင်လကုန် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၈၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၀၀၀- ၉၁၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၆၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါကမြေပဲလုံးဆန်နီ တစ်ပိဿာ ၆၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၃၅၀ ကျပ်ခန့်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၆၀၀ ကျပ်ခန့်ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ၅၆၂၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၂၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၄၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး