နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ၊ မြေပဲဆီဆန်ဖြူ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း နှမ်းညို တစ်တင်း ၁၀၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀-၂၁၃၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀-၁၃၀၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာနှမ်းညို တစ်တင်း ၉၈၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀- ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀- ၁၉၅၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၂၀၀၀ကျပ်ခန့်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀-၁၈၀၀၀ကျပ်ခန့်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၀၀၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။
နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၆၀၀-၈၈၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၄၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၀၀၀-၈၃၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၂၀၀-၈၃၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၇၉၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ၆၀၀ကျပ်ခန့်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာလျှင် ၇၀၀ကျပ်ခန့်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာလျှင် ၅၀၀ကျပ်ခန့်နှုန်း အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၅၀၀၀-၁၅၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀-၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၆၀ ၂၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၁၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၂၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး