Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

‌ဖေဖော်ဝါရီလ လကုန်ပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲလွန်းပြာ ဈေးငြိမ်၍ ပြောင်းနီ၊ ဆန်ပြောင်းဖြူ ဈေးနှုန်းများ မြင့်တက်နေပြီး ဂျုံဖြူသန့်၊ ဂျုံအထွက်တိုး၊ ပဲစဉ်းငုံ ၊ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပြောင်းဖူးစေ့ Cp၊ ကုလားပဲ 929 ၊ ကုလားပဲထိုင်ဝမ်၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီးဈေးနှုန်းများမှာ ဒေသ တွင်းနှင့် အောက်ပိုင်းအဆွဲနည်းနေသဖြင့် ဈေးနှုန်းများကျဆင်းနေကြောင်း မုံရွာကုန်စည်ဒိုင်မှ သိရသည်။

ယခုလကုန်တစ်ပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၅၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၅၁၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၈၀၀၀ကျပ်၊ ပဲနီလုံးရိုးရိုး ၇၀၀၀၀ ကျပ်မှ ၈၅၀၀၀ကျပ်ထိ၊ ပဲနီလုံးကြား ၁၀၀၀၀၀မှ ၁၀၃၀၀၀ကျပ်ထိ၊ ပဲလွန်းပြာ ၆၂၀၀၀မှ ၆၃၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp ၂၅၀၀၀ ကျပ်၊ ပြောင်းနီ ၂၈၅၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၃၅၀၀၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ၇၃၀၀၀ကျပ်၊  ကုလားပဲဖြူလုံးသေး ၇၀၅၀၀ကျပ်၊  ကုလားပဲ 929 ၇၀၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၃၅၀၀ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လကုန်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများ မှာ ဂျုံဖြူသန့် ၈၂၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၅၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၉၁၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၁၁၀၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၁၅၀၀၀ ကျပ်၊ ပဲလွန်းပြာ ၆၃၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp ၂၇၀၀၀ ကျပ်၊ ပြောင်းနီ ၂၈၀၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၈၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၇၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၄၀၀၀ကျပ်၊ ကုလားပဲ 929 ၇၇၀၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် ၇၈၅၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။

ယခုလကုန်တစ်ပတ်နှင့် ယခင်လကုန်တစ်ပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းနီ တစ်တင်း ၅၀၀ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း ၇၀၀၀ကျပ်နှုန်းမြင့်တက်နေပြီး ဂျုံဖြူသန့် ၇၀၀၀ ကျပ်၊ ဂျုံအထွက်တိုး တစ်တင်း ၁၄၀၀၀ ကျပ်၊ ပဲစဉ်းငုံ တစ်တင်း ၃၀၀၀ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်း၂၅၀၀၀ကျပ်၊ပဲနီလုံးကြား တစ်တင်း ၁၂၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp  တစ်တင်း ၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း ၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၃၅၀၀ကျပ် ၊ ကုလားပဲ 929 တစ်တင်း ၆၅၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း ၅၀၀၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News