Local News

မုံရွာမြို့၏ ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက်

Last Updated:

ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပွဲရုံများသို့ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ နေ့စဉ် ပိဿာချိန် ၁၀၀၀၀ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများမှ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်း ကြက်သွန်ကြော်လုပ်ငန်းများ၊ အကြော်ဖိုများ၊ ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ချင်းတွင်းမြစ်ရိုး တစ်လျှောက် ရှိ မြို့နယ်များသို့ တင်ပို့နေကြောင်းသိရပါသည်။

ယခုတစ်ပတ်အတွင်း မုံရွာကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာသော ကြက်သွန်နီ(သစ်) တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ လက်ကားဈေးနှုန်း (ကြီး) ၂၀၀၀ ကျပ်မှ၊ (လတ်) ၁၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ (သေး) ၁၃၀၀ ကျပ်နှင့် လက်လီဈေးနှုန်း (ကြီး) ၂၅၀၀ ကျပ်ထိ၊ (လတ်) ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊ (သေး) ၁၅၀၀ ကျပ်ပေါက်ဈေးရှိပါသည်။ ကြက်သွန်နီ အလုံးအရွယ်အစားနှင့် အစိုအခြောက် ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက် ဈေးနှုန်းမှာ ဗမာဖြူ ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိ၊ ရှမ်းဖြူ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိ၊ ကြူကုတ်ဖြူ ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ထိစသည်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာကြက်သွန်နီပွဲရုံ များမှသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

 

 

Category: Local News